ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည့် မိုင်းဖုန်းဆရာတော်သည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျန်းမာရေးအခြေအနေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ည(၉)နာရီ မိနစ် (၅၀)အချိန်က ထိုင်းနိုင်ငံဘက်သို့ ညတွင်းချင်း အရေးပေါ်ပို့ဆောင်လိုက်ရရာမှ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်းကို ဇူလိုင်လ(၁၆)ရက်နေ့က အသိပေးထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ရောက်ရှိစဉ်အတွင်း ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားကျန်းမာရေးများကို ဘန်ကောက်မြို့တွင် စစ်ဆေး ကုသခြင်းများ တပါတည်း ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။