ကြို့ပင်ကောက်မြို့နယ် ကျောင်းသားနှစ်ဦး ရေဆင်းဆော့ရာမှ ရေနစ်သေဆုံး

Photo : Credit

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၊ ဗွဲရိုးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာအနီးမှာ ကလေး၂ ယောက် ကျောင်းအသွား ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ပါတယ်လို့သိရပါတယ်။

သေဆုံးခဲ့တဲ့ ကလေးတွေဟာ Grade-6 ကျောင်းသား မောင်ကိုကိုထွန်း နဲ့ Grade-3 ကျောင်းသား မောင်ထက်မြက်သူတို့ ဖြစ်တယ်လို့ သိရှိရပြီးဇူလိုင် ၁၈ ရက် မနက် ၉ နာရီလောက်မှာ ဆည်ဘေးက မြေတူးထားတဲ့ကန်မှာ ရေဆင်းကူးရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

 “ ကလေးတွေက ကျောင်းအသွားရေဆင်းကူးတာထင်ပါတယ်၊ ကျောပိုးအိတ်တွေ အဖြူအစိမ်းတွေ ကန်ဘောင်မှာ ကျန်ခဲ့တယ်။ ကျနော်တို့ရောက်တော့ ရေနစ်တာ ၁၅ မိနစ် လောက်ပဲ ရှိသေးတယ် အသက်မရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေး ၂ ယောက်ရဲ့ အလောင်းကို ကြို့ပင်ကောက်ဆေးရုံ ရင်ကွဲရုံမှာ ထားရှိထားပြီး မိသားစုနဲ့ အဆက်သွယ်ရဖို့ ပရဟိတအသင်းတွေက ကြိုးစားနေဆဲ ဖြစ်တယ်လို့လည်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img