ကားနှင့်ဆိုင်ကယ်မတော်တဆတိုက်မိရာမှ ဆိုင်ကယ်စီးအမျိုးသားသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု၊ ပင်တီး-ခေါက်ခက်ကျေးရွာအတွင်းရှိ မန္တလေး – လားရှိုး အမြန်လမ်းမပေါ်မှာ SURF ကားအမျိုးအစားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးတိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရပါသည်။

အခင်းဖြစ်စဥ်မှာ ဇူလိုင်လ ၁၉ရက်နေ့က နောင်ပိန်ကျေးရွာအုပ်စု အမှတ် ၃ ရပ်ကွက်နေ ဦးလှမောင်၏သား ဦးလှ၀င်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နဲ့ မောင်သန်းမင်းနိုင်မောင်းနှင်လာသော ကားတို့ လမ်းမအလယ်ခေါင်တွင် မျက်နှာချင်းဆိုင်မတော်တဆတိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်လာသူမှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

 ကားမောင်းနှင်လာသူ မောင်သန်းမင်းနိုင်မှ သေဆုံးသူရဲ့ နာရေးကိစ္စအ၀၀ နဲ့ ရက်လည်ကိုယ်စားဆွမ်းသွပ် လှူဒါန်းနိုင်ရေးအတွက် ကူညီပေးခဲ့ပြီး ကျန်ရစ်သူမိသားစုနဲ့ နှစ်ဦးနှစ်ဖက်ကျေအေးပြီးကြောင်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img