အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စစ်တပ်၏ စွပ်စွဲခြင်းခံရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ ပစ်သတ်ခံရ

Photo : Credit

ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

“သေနတ်နဲ့ မပစ်ခင်မှာ နှစ်ဦးစလုံးကို စိတ်တိုင်းကျ ရိုက်နှက် ညှဉ်းပန်းတယ်။ မပစ်ခင်ကတည်းက အရမ်းရိုက်နှက်ခံရထားတော့ သေလုမျောပါးဖြစ်တယ်။ ပြီးမှ သေတာသေချာအောင် သေနတ်နဲ့ ပစ်ခတ်သွားတာ။ လိပ်စာအတိအကျနဲ့ကိုလာသတ်သွားတာ” ဟု သတင်းရင်းမြစ်က ဆိုထားပါသည်။

ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အစ်မတို့ကို သတ်ဖြတ်သူများမှာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာမှ ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီး လူမိုက်အဖွဲ့နှင့် အတူ ပါလာသော မဘသ အမျိုးသားရေး အစွန်းရောက်များ ဖြစ်ကြောင်း သိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img