အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မွေးနေ့ဆုတောင်းပွဲတွင် အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ၊ တောထဲ ရောက် နေကြသည့် ပြည်သူ့ဘက်တော်သားတွေ၊ ပြည်တွင်းတွင် ပုံစံမျိုးစုံဖြင့် တော်လှန်နေကြသည့် ပြည်သူများ အပါအဝင်၊ မြန်မာပြည်ကြီး တစ်ခုလုံး အာ ဏာရူး စနစ်ဆိုးကြီးအောက်မှ လွတ်မြောက်နိုင်ရေး ဆုတောင်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အဝေးရောက် မြန်မာနိုင်ငံသားများ ၃၅၀ခန့်တက်ရောက်ခဲ့ပြီး ဘာသာ ကြီး လေးရပ် ကို ကိုယ်စားပြုသူများကလည်း ဆုတောင်းစကားများ အသီးသီး ပြော ကြားကြကြောင်း၊ Spring Revo Music Band နှင့်အတူ အဆိုတော် ကျော်သီဟ အပါအဝင် တေးသံရှင်များက အမေနှင့်ပတ်သက်သော ဂုဏ်ပြု သော တေးသံ သာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း၊ ထို့နောက် အမေစု မွေးနေ့ အမှတ် တရ မွေးနေ့ကိတ်ခွဲကာ တက်ရောက်လာသောဧည့်ပရိတ် သတ်များကို ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။