သရုပ်ဆောင်မေပန်းချီ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရဇွန်လ ၁၁ ရက်၊ ၂၀၂၃

Photo : Credit

သရုပ်ဆောင် မေပန်းချီကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းဆီးခံရပြီး နှစ်လအကြာမှာ တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရသည်။

မေပန်းချီ ဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ – ဧပြီလအတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီ ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှု
ကြောင့် ပြည်သူတွေအများအပြားသေကြေ ပျက်ဆီးခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မေပန်းချီက ဝမ်းနည်းစွာဖြင့် ဖေ့စ်ဘုတ်ခ် ပရိုဖိုင်အမည်းရောင် ပြောင်းလဲရာမှ နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူတွေကို ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် သတင်းကို ရေးသားဖြန့်ဝေခဲ့တယ် ဆိုပြီး စစ်ကောင်စီက အမှုဖွင့်အရေးယူခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါသည်။

မေပန်းချီကို ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နေ့မှာ သူ့၏နေအိမ်ရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့
ဆိုပါသည်။

မေပန်းချီကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရုံးချိန်း ၂ ခါထုတ်အပြီးမှာ အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့သိရသည်။

“ အမိန့်ချလိုက်တယ်ပဲ သိလိုက်ရတယ်၊ အလုပ်ကြမ်းပါလားမပါလားတောင် သေချာမသိရသေး ဘူး၊ ရုတ်တရက်ကြီး ချလိုက်တာ၊ သူနဲ့အတူအဖမ်းခံရသူတွေ အမိန့်ချသံမကြားသေးပါဘူးလို့ ” မေပန်းချီ နဲ့ နီးစပ်သူ အနုပညာရှင် တစ်ဦးက ဆိုပါသည်။

မေပန်းချီနှင့် အတူ အဆိုတော် ရွှေရည်သိန်းတန်၊ The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ အဆိုတော် မေလသံစဉ် ၊ သရုပ်ဆောင် မြတ်သူသူကျော် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး လက်ရှိမှာ မေပန်းချီ တစ်ဦးသာ ထောင်ဒဏ် ပထမဆုံးချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img