ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စောင့်ကြပ်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားတစ်ဦး က နေ့လည် ၁၂ နာရီထမင်းစားကျောင်းဆင်းချိန်တွင် သေနတ်ကို ကျောင်းသားငယ်လေးအား ပေးကိုင်ရာ ကျည်ထွက်သွားပြီး ဒုတိယတန်း ကျောင်းသား၏ ခြေထောက်ကို ကျည်ထိမှန်၍ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
ကျောင်းသားမိဘတစ်ဦးက “ အာဏာသိမ်းစစ်ကောင်စီတပ်သားတစ်ချို့က အရက်မူးပြီး ကျောင်းအတွင်းရှိကလေးသူငယ်များကို သေနတ်ဖြင့် ပစ်မည်ဟု စနောက်ရာ ပစ်မိသွားတယ်လို့ပြောကြတယ် ၊ တစ်ချို့ကတော့ ကလေးက သေနတ်ကို ယူကိုင်လို့ ကျည်ထွက်သွားတယ်လို့ ပြောကြတယ် “ ဟုဆိုသည်။
ကျည်ထိမှန်သည့် ကျောင်းသားငယ်လေးမှာ ဒုတိယတန်း ( ဃ )တွင် ပညာသင်ယူနေသော အသက် ၈ နှစ်အရွယ် မောင်အောင်ထက်ကိုကို ဖြစ်ကြောင်းလည်းသိရသည်။
တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတစ်ဦးက ယခုလိုစာသင်ကျောင်းများတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ လက်နက်ကိုင်ဆောင်ပြီး စောင့်ကြပ်နေခြင်းကို ဖယ်ရှားစေလိုကြောင်းလည်း ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ စာသင်ကျောင်းတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သား၏ သေနတ် ကျည်ထွက်ပြီး ကျောင်းသားလေးတစ်ဦးထိမှန်
Related articles