ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင်ရဲစခန်းကို ဦးတည်တိုက်ခိုက်သည့် တိုက်ပွဲမှာ ရဲနဲ့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ရိုးမ PDF က ထုတ်ပြန်ပြောဆိုထားပါသည်။
ကရင်အမျိုးသားအစည်းအရုံး- KNU လက်အောက်ခံ တပ်ရင်း KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး နတ်သံကွင်းရဲစခန်း၊ နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်ထားသည့် စစ်တောင်းမြစ်ကူးတံတားပေါ်က တိုက်ပွဲအတွင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါသည်။
အဆိုပါတိုက်ပွဲဟာ မနက် ၅ နာရီဝန်းကျင်မှာ စတင်ဖြစ် ပွားခဲ့ပြီး မနက် ၇ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရှိရသည်။