ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းပန်သည့် ကလေးမြို့က အမျိုးသမီး အယောက် ၂၀ ကျော်ဖမ်း ဆီးခံရဇွန်လ ၁၉ ရက်၊ ၂၀၂၃

Photo : Credit

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ၈ နာရီခွဲခန့်က ပန်းသည်နှင့် ပန်း လာဝယ်သည့် အမျိုးသ မီးများ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ကလေးမြို့ ညောင်ပင်သာရပ်ကွက် မြို့မစျေးထဲတွင် စစ်ကောင်စီတပ်သားများက အရပ်သားဟန်ဆောင် ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုထားသည်။

“ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ်လုပ်လို့ ဖမ်းခံရတာတော့ မဟုတ်ဘူးဗျ၊ အမျိုးသမီးတွေ ဆိုတော့ ပန်းကြိုက်တာ မဆန်းပါဘူးဗျာ၊ အဲ့ဒါကို စစ်ကောင်စီတပ်က ဘာမဆိုင်ညာမဆိုင် ဖမ်းဆီးသွား ပေါ့ဗျာ၊ စံပယ်ပန်းပန်တဲ့လူထက် နှင်းဆီပန်းပန်တဲ့လူကို သူတို့က အဓိက ဖမ်းတာဗျ၊ ပန်းဆိုင်တွေကို သိမ်းပလိုက်တာလည်း ရှိတယ်” လို့ ၄င်းက ဆိုထားသည်။

ယခုလက်ရှိအချိန်ကလေးမြို့ထဲတွင် စစ်ကောင်စီတပ်သားများက ကင်းလှည့်နေကြပြီး စစ်ဆေးမှုတွေလည်း တင်းကြပ်နေတယ်လို့ အမည်မဖော်လိုသူ အမျိုးသားက ဆက်လက်ပြောကြားထားသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီး ၂၀ ကျော်ထဲတွင် ပန်းသည်တစ်ဦးကို ပြန်လည်လွတ်ပေးခဲ့ပြီး ကျန် အမျိုး သမီးများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိအကျမသိရသေးပေ။

ယနေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ တွင် ပြည်တွင်းပြည်ပက နေရာတော်တော်များများမှာ ပန်းသပိတ်များကျင်းပပြီး စစ်ကောင်စီကို ဆန့်ကျင် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img