တိုင်တန်းနစ်ဆီသွားရောက်လည်ပတ်သည့် ယာဉ်ပေါ်ပါသူ အားလုံးသေဆုံးသွားကြပြီလို့ အမေရိကန် ကမ်းခြေစောင့်တပ်မှူးပြော

Photo : Credit

အတ္တလန်တိတ် သမုဒ္ဒရာကြမ်းပြင်မှာရှိနေတဲ့ တိုင်တန်းနစ်သင်္ဘောပျက်ဆီကို သွားကြရင်း တနင်္ဂနွေနေ့ကတည်းက ပျောက်သွားတဲ့ တိုင်တန်ရေငုပ်သင်္ဘောလေးရဲ့ အပျက်အစီးတွေကို တွေ့ရပြီ၊ လိုက်ပါသွားသူ ငါးယောက်စလုံးလည်း အသက်ဆုံးသွားကြပြီလို့ ယူဆရတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်က တာဝန်ရှိသူတွေက ပြောကြားလိုက်ပါသည်။

တိုင်တန်ရေငုပ်သင်္ဘောအပျက်အစီးတွေဟာ တိုင်တန်းနစ်သင်္ဘောကြီး၏ ရှေ့ဘက်က ပေ ၁၆၀၀ လောက်မှာ တွေ့ရတာဖြစ်ပြီး သင်္ဘောလေးဟာအတွင်းပိုင်းက ပေါက်ကွဲသွားတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားသည်။
တိုင်တန်သင်္ဘောလေးကို တွေ့ဖို့နဲ့ ရုပ်အလောင်းတွေကို ရှာဖွေဆယ်ယူဖို့ ဆက်လုပ်သွားမှာ ဖြစ်ပေမဲ့ ရေအနက်ရယ်၊ ပတ်ဝန်းကျင် အနေအထားတွေကြောင့် လွယ်ကူမှာ မဟုတ်ဘူးလို့ ရှာဖွေရေးတွေကို ဦးစီးဆောင်ရွက်နေပြီး ၊ဖြစ်စဉ်က ဘယ်တုန်းက ဖြစ်သွားတယ်၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ကို အတိအကျသိဖို့ ခက်နေသေးတယ်လို့လည်း အမေရိကန်ကမ်းခြေစောင့်တပ်မှူးက ဆိုသည်။

ရေငုပ်သင်္ဘောပေါ် မှာ အသက် ၅၈ နှစ်အရွယ် ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် ဟာမစ်ရှ် ဟာဒင်း၊ အသက် ၄၈ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ပါကစ္စတန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါ ဒါဝတ်ဒ်နဲ့ သူ့ရဲ့သား အသက် ၁၉ နှစ်အရွယ် ဆူလေမန်၊ ယခုရေငုပ်သင်္ဘောခရီးစဉ်ကို စီစဉ်တဲ့ OceanGate ကုမ္ပဏီ၏ အမှုဆောင်ချုပ် အသက် ၆၁ နှစ်အရွယ် စတော့ခ်တန် ရပ်ရှ် တို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ တိုင်တန်ရေငုပ်သင်္ဘောခရီးစဉ်က လူတစ်ယောက်ကို ဒေါ်လာ ၂ သိန်း ၅ သောင်းစီ ပေးရတယ်လို့ ဆိုသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img