တိုက်ပွဲမှာ ခြေ ၊ လက် ဆုံးရှုံးခဲ့သော ရဲဘော်များကိုစစ်ကောင်စီက ငပလီနှင့် ချောင်းသာအပန်းဖြေခရီး လိုက်ပို့ဇွန်လ ၁၂ရက်၊ ၂၀၂၃

Photo : Credit

တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရခဲ့သော ခြေပြတ် လက်ပြတ်ဖြစ်ခဲ့သော အရာရှိများနှင့် ရဲဘော်များကို စစ်ကောင်စီက အနားယူအပန်းဖြေခရီးစဉ်အဖြစ် ငပလီကမ်းခြေနှင့် ချောင်းသာကမ်းခြေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်‌က ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေကို ရောက်ရှိလာသည့် အရာရှိများနှင့် ရဲဘော်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်က ကြိုဆိုခဲ့ပြီး ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေကို တော့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက ကြိုဆိုတယ်လို့ သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးသည့် နောက်ပိုင်း ပြည်တွင်းမှာ စစ်မျက်နှာများစွာ ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် ဒဏ်ရာရရှိသူတွေကို ပထမဆုံးအနေနှင့် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါသည်။

စစ်ရေးလှုပ်ရှားမှု သုံးသပ်သူတွေကတော့ – စစ်ကောင်စီအနေနဲ့ တပ်တွင်းစည်းရုံးရေးအရ ပို့ဆောင်တာ ဖြစ်နိုင်ပေမယ့် တိုက်ပွဲကာလအတွင်းမှာ အခုလို လိုက်ပို့ပေးတာကတော့ ဖြစ်ခဲတဲ့ ကိစ္စလို့ သုံးသပ်ထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြီးခဲ့သည့်မေလကုန်က ထုတ်ပြန်ချက်အရ ၄င်းတို့၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ “ ပြည်သူ့ကာကွယ်ရေး ကဏ္ဍ အခြေပြု” စာတမ်းမှာ ဖော်ပြထားသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img