ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ မနက် ၆ နာရီတွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ခဲ့ရာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုသူ ၁ သိန်းကျော်လောက်အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ ခြောက်သောင်းနီးပါး ကျရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ စာစစ်ဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
စနစ်ဟောင်း၊ သင်ရိုးဟောင်းကို မနှစ်ကကျရှုံးထားသူတွေအတွက် ယခုနှစ် မတ်လမှာ နောက်ဆုံးစာမေးပွဲ အဖြစ် ကျင်းပပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာနအပါအဝင် နိုင်ငံတဝန်း ဖြေဆိုသူ ၁၆၁၈၅၀ ဦးဖြေဆိုခဲ့ရာ ၁၀၉၈၅၁ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၆၇.၈၇ ရာခိုင်နှုန်း ရှိတယ် လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မကွေးတိုင်းဒေသကြီးမှာတော့ ၁၂၄၂၁ ဦး ဖြေဆိုခဲ့ပြီး ၉၃၂၁ ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၇၅.၀၄ ရာခိုင်နှုန်းဖြစ်ပြီး တနိုင်ငံလုံးအောင်ချက်အများဆုံးဖြစ်သည်။ အောင်ချက်ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ပြီး တတိယအများဆုံးမှာ မန္တလေးတိုင်းဖြစ်သည်။
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှာတော့ သိပ္ပံဘာသာတွဲမှာ ၅၅၆ မှတ်နဲ့ တနိုင်ငံလုံး အမှတ်အများဆုံးဖြစ် တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ယခုပညာသင်နှစ်မှာ ကျရှုံးတဲ့သူတွေအနေနဲ့ ကျောင်းတက်ခွင့်မရှိတော့ပဲ စနစ်သစ် G – 12 စာမေးပွဲကို ဝင်ရောဖြေဆိုမည်ဆိုပါက ပြင်ပကနေ ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ သတ်မှတ်ထားသည်။