စစ်ကောင်စီ၏ လေ့ကျင့်ရေးလေယာဉ် ပျက်ကျပြီး အရာရှိနှင့် သင်တန်းသားသေဆုံး

Photo : Credit

စစ်ကောင်စီတပ်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်း ယနေ့မနက်ပိုင်း ပျံသန်းလေ့ကျင့်နေစဉ် ပျက်ကျပြီး အရာရှိတစ်ဦးနှင့် သင်တန်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနှင့် နီးစပ်သူဆီက သိရသည်။

နေပြည်တော်ကနေ မိတ္ထီလာကို လေကျင့်ပျံသန်းနေစဉ် လေယာဉ်စက်ချို့ယွင်းပြီး လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီးမှာ ပျက်ကျခဲ့တယ်လို့ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ ဖြစ်စဉ်ကတော့ တကယ်ဟုတ်တယ်၊ လေ့ကျင့်ရေးလေယာဉ်တွေက ကောင်းမှ မကောင်းတော့တာ၊ အရင်နှစ်ကလည်း ပျက်ကျပြီးပြီ၊ အခုလည်း ဗိုလ်မှူးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက် သေတယ် ” လို့ ဆိုပါသည်။

အဆိုပါလေယာဉ်ဟာ လယ်ဒါကြီးကျေးရွာနှင့် ငါးမိုင်အကွာတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပျက်ဆီးကာ ‌လေယာဥ်မှူးနှင့်သင်တန်းသားတစ်ဦး သေဆုံးပြီး အလောင်းကို နီးစပ်ရာဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီ၏ထုတ်ပြန် ချက်အရ သိရသည်။

စစ်ကောင်စီအနေဖြင့် ယခုသေဆုံးခဲ့ရသော လေယာဉ်မှူးနှင့် သင်တန်းသား၏ ရာထူးကို ထုတ်ပြန်ချက် မှာ ထည့်သွင်းထားခြင်းမရှိပေ။

ယခုလိုဖြစ်စဉ်မှာ ပြီးခဲ့သည့် နှစ်တုန်းကလည်း လေ့ကျင့်ရေးလေယာဉ်ပျက်ကျပြီး အရာရှိတစ်ချို့ နှင့် တပ်သားများ သေဆုံးခဲ့ဖူးသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img