စစ်ကောင်စီနှင့် ‌မဟာမိတ် ၃ ဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် သိန္နီမြို့နှင့် လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်

Photo : Credit

ရှမ်းပြည်နယ်‌‌ ၊လားရှိုးမြို့နယ်၊ လွယ်ဝိန်းတောင်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး လားရှိုးမြို့နယ် အထက်မန်အိုင် လွယ်ဝိန်းတောင်အနီး အပြန်အလှန် ပစ်ခတ်သံများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ဆူညံသွားပြီး လားရှိုးတစ်မြို့လုံးကြားရ ကြောင်း ၊ လွယ်ဝိန်းတောင်အနီးရှိ စစ်ကောင်စီ တပ်ရင်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်မည်ဟု ဒေသခံများက ပြောဆိုကြသည်။

“မနက်၄နာရီ ကနေ ၄နာရီ၃၉မိနစ်ဝန်းကျင်ထိ အပြန်အလှန်တရစပ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ ကျွန်တော့်အိမ်နဲ့ နီးလွန်းလို့ခုတင်အောက်ကနေတောင် အပြင်မထွက်နိုင်ပါဘူး။ မနက်၄နာရီ၄၂မိနစ်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပေမယ့် စကစ အဖွဲ့ဝင်တွေ ရမ်းသမ်း ပစ်ခတ်ခြောက်လှန့်တာတွေရှိပါတယ်။ လွယ်ဝိန်းတောင်အနီးမှာ စကစရဲ့ ခမရ တပ်ရင်းတစ်ခုရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့တွင်းနှင့်အနီးတဝိုက် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များစွာ ပျံဝဲနေကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်တွင် SSPP ၊TNLA ၊ MNDAA နှင့် KIA တပ်ဖွဲ့များ လှုပ်ရှားနေသော နေရာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်အောက်ခံ ပြည်သူ့စစ်များစစ်ရေးပြင် ဆင်နေချိန် တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်းလည်းသိရသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ မိုင်းလားတွင် တွေ့ဆုံသော ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ယမန်နေ့တွင် ရှမ်းပြည် သိန္နီမြို့၊ ယနေ့ နံနက် အစောပိုင်း လားရှိုးမြို့တို့တွင် တိုက်ပွဲများ အကြီးအကျယ် စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source : Local

Latest articles

spot_imgspot_img

Related articles

spot_imgspot_img