ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကစပြီး KNPLF ဟာ စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဟိုစဲ့မြို့သစ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် ခဲ့တယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ KNPLF ကသတင်းထုတ်ပြန်ထားသည်။
ကရင်နီ(ကယား)ပြည်နယ် မယ်စဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့ရာမှာ နယ်ခြားစောင့်တပ် BGF လည်း KNPLF တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်နေသည့် အတွက်ကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်။ ဒါဟာ မြန်မာနိုင်ငံတွင်း နယ်ခြားစောင့်တပ်တွေထဲမှာ စစ်ကောင်စီကို ပထမဦးဆုံး ပြန်လည်တော်လှန်တိုက်ခိုက်ရဲ
သည့် အဖွဲ့ဖြစ်ခဲ့သည်။
ဇွန်လ ၁၄ ရက်ကစပြီးပြင်းထန်ခဲ့သည့် အဆိုပါတိုက်ပွဲဟာ တိုးတက်ေသာကရင်နီပြည်သူအင်အားစု KNPLF က စစ်ကောင်စီအခြေစိုက်ရာ မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းနဲ့ ထိုင်း – မြန်မာ နယ်ခြားအမှတ် BP 14 တပ်စန်း၊ BP 15 မယ်တနွယ်စခန်း၊ BP 16 တောင်လှစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး အရင် BGF 1004 နဲ့ BGF 1005 အထိုင်ချရာ တပ်ရင်းဌာနချုပ်စခန်း နှစ်ခုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုသည်။