စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ကံဆည်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ ပြီး ရဲ နှစ်ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲ့ခန့်က ချောင်းဦးမြို့အနောက်ဘက် ချောင်းဦးမြို့နှင့် အမြင့် လမ်းကြား၊ ကင်းမွန်ထော် ပျူစောထီရွာအနီးရှိ ကံဆည်းကျေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၁၂ ဦး အနက် အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
“အလစ်အငိုက်ဝင်တိုက်ပြီး တိုက်မိုင်းချထားခဲ့တာ၊ ကင်းမွန်ထော်ဘက်က စစ်ကူလာတယ်၊ လာတဲ့ စစ်ကူ လည်း တိုက်မိုင်းနှစ်လုံးမိပြီး ရဲ ၂ ဦးသေတယ်၊ ကျန်တဲ့သူတွေလဲ ဒဏ်ရာအများအပြားရတယ်၊ အရပ်ဝတ် နဲ့ စစ်ကူလာတယ်၊ လက်နက်တော့ မရလိုက်ဘူး ဒီကောင်တွေက လူထက် လက်နက်ကို ပိုပြီး တန်ဖိုးထား တဲ့ပုံပဲ၊ ပျူစောထီးတွေက စစ်ကူချက်ချင်းလာမယ်ထင်ပြီး ခံစစ်ပြင်ပြီးစောင့်နေသေးတယ်၊ မလာတော့မှ အကုန်ထွက်ပြေးကျတာ” လို့ တာဝန်ရှိသူတစ်ဦးက ဆိုထားသည်။
ယင်းတိုက်ပွဲတွင် We Must Win – ပြောက်ကျားတပ်၊ မုံရွာခရိုင် တပ်ရင်း ၅ ၊ တပ်ရင်း ၁၅ C.R.A ခွဲ ၁၊ ဗန္ဓုလအဖွဲ့၊ မြင်းမူလျှပ်စီး အဖွဲ့၊ ONE LPDF ၊ အညာမိုင်းအဖွဲ့၊ အညာဒေသတော်လှန်ရေးအင်အားစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရမိသော ပျူစောထီးများကို ညှင်းပန်းနှိပ်စက်ခြင်း မပြုပဲ မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ထံအပ်နှင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။