ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံဝတ်ဆင်ပေး

Photo : Credit

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဒိုးပင်ကျေးရွာတွင် နေထိုင်သော အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ကသာမြို့နယ် ဒိုးပင်ကျေးရွာ ကို ဝင်ရောက်ကာ ကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ရွာဦးဘုန်းကြီးကျောင်းတွင် အသက် ၄၀ နှင့် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်ဖြတ်သွားကြောင်း ဒေသခံမှတစ်ဆင့် သိရှိရသည်။

ဒေသခံတစ်ဦးက – “ ဒိုးပင်ကျေးရွာ ၊ မယသိမ် ရွာဦးဘုန်းကြီးကျောင်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီက အသက် ၄၀ နှင့် ၃၀ အရွယ် ဝန်းကျင် အမျိုးသား နှစ်ဦးကို ဦးခေါင်းနောက်ကနေ တေ့ပစ်လိုက်တယ်၊ ပြီးတော့ PDF ဝတ်စုံကို အလောင်းမှာ ဝတ်ဆင်ပေးတယ်၊ အလောင်းကိုတော့ ဘုန်းကြီးကျောင်း အရှေ့ ဘက် မီတာ ၁၀၀ ခန့်မှာ မြုပ်ထားလိုက်တယ်၊ ဘယ်က ရွာသားလည်း ဆိုတာတော့ စုံစမ်းနေဆဲပါ ” လို့ ဆိုထားသည်။

စစ်ကောင်စီက ဒိုးပင်ကျေးရွာကို မီးတင်ရှို့ရာတွင် နေအိမ်အများအပြား ပြာကျသွားကြောင်း သိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img