စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် အတွင်းမှာ စစ်ရှောင်နေရသည့် ပြည်သူ ၁၁ ယောက်ဟာ ဇွန်လ အတွင်း အဆိပ်ပြင်းမြွေ ကိုက်ခံရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ် ပြန်ထားသည်။
မြွေကိုက်ခံရသူတွေဟာ အမျိုးသမီး ၅ ယောက်အပါအဝင် အားလုံး ၁၁ ယောက် မြွေကိုက်ခံရတာဖြစ် သည်။
ယခုသတင်းပတ်ထဲမှာ ကိုးထောင်ဘို့တိုက်နယ်အတွင်းက စစ်ရှောင်အမျိုးသမီး ၂ ယောက်၊ ဇွန်လ ၁၉ ရက် နေ့မှာ အပေါ့ပါးသွားချိန်အမျိုးသားတစ်ယောက် မြွေကိုက်ခံရပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်ထိ အမျိုးသား တစ်ယောက် စုစုပေါင်း ၄ ယောက် မြွေကိုက်ခံရတာလို့ ဆိုသည်။
“နွေတုန်းကလည်း အကိုက်ခံကြရတယ်၊ အဲ့ကတည်းက မြွေဆိပ်ဖြေဆေးတွေ ဆက်တိုက်လိုနေတာ၊ အခုကာလ ဇွန်၊ ဇူလိုင်က မြွေပွေးအန္တရာယ် ပိုဂရုစိုက်ရမယ်၊ ပြည်သူတွေလည်း အိမ်မပြန်ရဲသေးတော့ တောထဲမှာပဲ ဆက်နေကြရတယ်။ စစ်ရှောင်ကို အကူညီပေးနေတဲ့ အဖွဲ့များလည်း မြွေအန္ဆရယ်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ပြင်ဆင်နေတယ်” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတစ် ယောက်က ဆိုသည်။
မြွေအကိုက်ခံရသည့် သူတွေကို BPI မြွေဆိပ်ဖြေဆေး ၄ လုံးကနေ အလုံး ၂၀ အထိ ထိုးပေးရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကနေ ယခုအချိန်ထိ မြွေကိုက်ခံရသည့် စစ်ဘေးရှောင် ၆၂ ယောက်ရှိပြီး ၎င်း တို့အနက် ကလေး ၂ ယောက် အပါအဝင် လူ ၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီလို့ ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။