ဧပြီ ၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

Photo : Credit

ဆန်

ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) ၁ အိတ် ၈၅၀၀၀ ကျပ်မှ ၉၆၀၀၀ ကျပ်
ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန် (အသစ်) ) ၁ အိတ် ၇၅၀၀၀ ကျပ်မှ ၇၆၀၀၀ ကျပ်
ဆန်ကြမ်းအသစ် (ငစိန်၊ ဇီယာ အုပ်စုဝင် ) ၁ အိတ် ၅၅၀၀၀ ကျပ် မှ ၆၀၀၀၀ ကျပ်

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၄၅၄၅ ကျပ်
ယင်းဈေးမှာ ဧပြီလ ၃ ရက်မှ ၉ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တန်းစီစနစ်နှင့် ရောင်းချပေးနေသည့် အစီအစဉ်ကို ယခု မတ်လ ၉ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ၎င်းတို့အသင်း၏ လူမှုကွန်ယက် စာမျက်တွင် နေ့စဉ်ရောင်းချခြင်းများကို တင်ပြထားခြင်း မရှိတော့ပေ။
စားအုန်းဆီ ပြင်ပ ဈေးမှာ ၁ ပိဿာ ၆၇၀၀ ကျပ် မှ ၈၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါသည်။)

စက်သုံးဆီ

(ယမန်နေ့ထက် ဓာတ်ဆီဈေး အနည်းငယ်ဆက်တက်နေပြီး ဒီဇယ်နှင့် ပရီမီယမ်ဒီဇယ်ဈေးမှာ တလီတာလျှင် ၅ ကျပ်ခန့် ပြန်ကျလာသည်။)

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၂၆၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၃၂၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၁၅၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၂၃၅ ကျပ်

စစ်ကောင်စီ၏ သတ်မှတ်ဈေးတွင် ရန်ကုန်မြို့နှင့် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေးထက် ပို၍ မြင့်တက်မှုများ ရှိသည်။

ရွှေနှင့် ဒေါ်လာ

အမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်
ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ရောင်းစျေး ၂၈၆၅ ကျပ် ၊ ဝယ်စျေး ၂၈၅၀

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၂၃၈၄၅၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၀၂၄ ဒေါ်လာ (ယမန်နေ့ထက် ၄၂ ဒေါ်လာတက်လာ)
ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင် ၂၉၇၀၀၀၀ ကျပ် (ယမန်နေ့ထက် ကျပ် ၃ သောင်းကျော် မြင့်တက်နေ)
ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက်ဈေးမှာ ၂၈၀၀၀၀၀ ကျပ်ကျော်

(ကမ္ဘာ့ရွှေဈေးမှာ ဈေးနှုန်းများ အတက်ကြမ်းနေပြီး မြန်မာ့ရွှေဈေးမှာလည်း ယနေ့ နေ့လည်ပိုင်းမှာပင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်အထိ စံချိန်တင်ဈေး ရှိနေသည်။)

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

Source : Credit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img