ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် ၇ နယ်မြေ ၁ မှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က မီးကြိုးတွေ လိုက်ခိုးနေသူ ၂ ဦးကို ဒေသခံတွေက ဖမ်းမိခဲ့ပြီး ရဲစခန်းကို ပို့လိုက်ပါတယ်။
မီးကြိုးခိုးတဲ့ အမျိုးသား ၂ ဦးဟာ ရပ်ကွက် ၈ နယ်မြေ ၄ မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လျှပ်စစ်မီး ပုံမှန်မလာတော့တဲ့နောက်ပိုင်း ကျောက်မဲက ရပ်ကွက်တော်တော်များများမှာ အခုလို မီးကြိုး ခိုးခံရတာ မကြာခဏ ကြုံတွေ့နေရတယ်လို့ အသက် ၃၄ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မီးမလာတော့ မီးကြိုး ခိုးတဲ့သူတွေက အခွင့်ကောင်းယူပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနေတာ။ ရပ်ကွက်အသီးသီက မီးကြိုးတွေ ပျောက်နေတာ”
ဖမ်းမိထားတဲ့ သူခိုးတွေကို ထိုက်သင့်တဲ့အပြစ် ပေးသင့်တယ်လို့ မီးကြိုး ခိုးခံရတဲ့ အသက် ၃၅ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့ကို ရိုက်နှက်နေလည်း မထူးဘူး။ ထောင်ထဲဘဲ ပို့စေချင်တယ်။ အချုပ်ထဲဘဲ ထည့်ပြီး ပြန်လွတ်လာရင်လည်း ပြန်မခိုးဘူးလို့ မပြောနိုင်ဘူး။ သူတို့က ပြန်ခိုးမှာဘဲ”
မီးကြိုးခိုးသူ ၂ ဦးကို ထောင်ဒဏ်တစ်နှစ်ကျနိုင်တဲ့ ဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ ကျောက်မဲမြို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။
Source : Credit