အာဏာသိမ်းစစ်တပ် ၂နှစ်မြောက် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ပြောင်းလဲခန့်အပ်

ဖေဖော်ဝါရီ ၂ ရက်၊ SSCH

စစ်ကောင်စီက ရှမ်းပြည်နယ်မှာ အရင်က ခန့်အပ်ထားတဲ့ ဝန်းကြီးချုပ် ဒေါက်တာ ကျော်ထွန်းနေရာမှာ ဦးအောင်ဇော်အေးကို ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီပိုင် မြဝတီသတင်းက ထုတ်ပြန်ထားပါသည်။

photo Crd:

ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီ ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်တဲ့ မွန်ပြည်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနေရာမှာ ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျာ်မင်းနေရာမှာ ဦးထိန်လင်းနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင်ကို တာဝန်ပြောင်း ပေးအပ်လိုက်တာလို ထုတ်ပြန်ထားပါသည်။

အရင်က စစ်ကောင်စီ ခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်ဟာ တစ်ဦးသာ ထားရှိပေမယ့် မနေ့က ထုတ်ပြန်ချက်မှာတော့ ဒုဝန်ကြီး ချုပ် ၅ ဦးအထိ တိုးမြှင့် ခန့်အပ်လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲကိုလည်း ပြောင်းလဲဖွဲစည်းခဲ့ပါသည်။

နိုင်ငံတော် ဝန်ကြီးချုပ်နေရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ဆက်လက် နေရာယူထားပြီး ဒုဝန် ကြီးချုပ်နေရာတွေမှာတော့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တိုကို ခန့်အပ်လိုက်တာလို ဖော်ပြထားပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img