ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုနယ်တွင် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၁၁ SSCH

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြိုနယ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ နှင့် အာဏာသိမ်း
စစ်ကောင်စီ တပ်ဖွဲတိုသည် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

photo Crd:

ယနေ့ (ဖေဖော်ဝါရီ ၁၀) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်ကွတ်ခိုင်မြို ရှုခင်းသာအနီး၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး အာဏာသိမ်းစစ်ကောင်စီမှ နမ့်ခိုက်ဂိတ်ကို ကား၊ ဆိုင်ကယ်များဖြတ်သန်းသွားလာခွင့်ကို နာရီဝက်ကြာခန့် ယာဥ်တန်းများ ရပ်နားထားရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲသံသည် နာရီဝက်နီးပါး ထွက်ပေါ်လာပြီး ၁၀ နာရီခွဲကျော်၌ အသံငြိမ်သွားကြောင်း နှင့် တိုက်ပွဲအတွင်း မည်သည့် လက်နက်ကိုင် အဖွဲအစည်းတိုပါဝင်သည်ကို အသေးစိတ် မသိရသေးပေ။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင်လည်း ကွတ်ခိုင်မြိုနယ် မန်ပြိန်းအုပ်စု ကောင်းခန်ရွာအနီး၌ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) နှင့် စစ်ကောင်စီတပ်ဖွဲတို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲများ၊ တော်လှန်ရေး
အင်အားစုများ နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img