ဖေဖော်ဝါရီ ၁၁ SSCH
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို လွှအပ်သွားကာ ပိုက်ဆံများ ဆုံးရှုးနေရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြိုခံ အမျိုးသမီးတစ်ဦးသည် (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းလိုင်း အလိုအလျောက် ပိတ်ခံရသည်။
ထိုနောက် မိုင်းရှူးမြိုပေါ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်းနံပါတ်များ ပြန်လည်ရရှိရန် အတွက် သွားရောက်လျှောက်ပြီး ၎င်းဖုန်းထဲရှိ Kpay အကောင့်ထဲတွင် ပိုက်ဆံ ကျပ်သိန်း (၁,၁၈၅,၀၀၀) သည် အလိုလျောက် တခြားအကောင့်ထဲသို့ လွှအပ်သွားကြောင်း အမျိုးသမီးတစ်ဦးကြုံတွေ့ခဲ့ရသည်ဟု သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြိုတွင်လည်း အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဖုန်းလိုင်းပိတ်ခံရာမှ တစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများသည် အလိုအလျောက် တခြားအကောင့်ထဲသို လွှအပ်သွားပြီး ယနေ့အချိန်ထိ ပိုက်ဆံများ ပြန်လည်ရခြင်းမရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြှင့်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် မကိုက်ညီသည့် နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည်ဟု ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။