ဇန်နဝါရီ ၁၁ SSCH
စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကို ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို ဆုံးဖြတ်ထားတယ်လို ပါတီက မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်အသစ်တွေဟာ လတ်တလောနိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများစွာရှိနေပေမဲ့လည်း ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီအဖြစ် အချိန်မီမှတ်ပုံတင်ဖို ဆုံးဖြတ်ထားပြီးပြီဖြစ်တယ်လို ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့တစ်နေရာမှအနိုင်ရရှိခဲ့ခြင်းမရှိပါဘူး။