ဖေဖော်ဝါရီ SSCH
နောင်ချိုမြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနှင့် PDF တို တိုက်ပွဲမှာ စစ်ကောင်စီ ဘက်က လေယာဉ် သုံးစီးဖြင့် ပစ်ကူခဲ့တဲ့ အတွက်ကြောင့် ရွာခံ ပြည်သူ ၅၀၀ ကျော်လောက် ဘုန်းကြီးကျောင်းထွက်ပြေးခိုလှုနေရပြီး စားဝတ်နေရေး အခက် အခဲကြုံတွေ့နေရတယ်လို သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြိုနယ် ခေးနင်းကျေးရွာအုပ်စု လုံခန်ကျေးရွာမှာ ၁၀ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်ခန့် စစ်ကောင်စီနှင့် PDF တို တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျရှုးမှုများပြီး လေယာဉ်နဲ့ ပစ်ကူခဲ့ရပါတယ်။
အဆိုပါတိုက်ပွဲကြောင့် လုံခန်၊ ခေးနင်း ၊ နားခါး၊ ပိန်းညု ၊ ပိန်းအွိက်၊ ကုလားကွဲ ကျေးရွာက အပြစ်မဲ့ပြည် သူများ ဟိုခို ဘုန်းကြီးကျောင်းမှာ ထွက်ပြေးခိုလှုခဲ့ရတယ်လို သိရပါတယ်။ ယနေ့တိုင် နေရပ်တို မပြန်နိုင် သေးပေ။