ဇန်နဝါရီ ၃၁ ၊ SSCH
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့ မနက်ပိုင်း နေပြည်တော်မှာ ကျင်းပပြီး ထိုအစည်းဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ နှင့် စစ်ဦးစီးချုပ်အပါအဝင် ကာလုံအဖွဲဝင်တွေ တက်ရောက်ခဲ့ပါသည်။
အရေးပေါ်အာဏာထိန်းကာလ ၂ နှစ်ကုန်ဆုံးချိန်မှာပြုလုပ်သည့် သည်ကာလုံအစည်းအဝေးဟာ ဖွဲစည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ဘယ်လို ဆက်လက်တာဝန်ယူမလဲဆိုတဲ့ ဆုံးဖြတ်ကြရမယ့်အစည်းအဝေး ဖြစ်ပါသည်။
ကာလုံအစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေနဲ့ CRPH၊NUG နဲ့ PDF တိုရဲ့ လုပ်ရပ်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က အဓိကထား တင်ပြခဲ့ပြီး လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့အခြေအနေလို ကာလုံအစည်အဝေးမှာဆွေးနွေးခဲ့ကြပါသည်။
ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ဟာ အရေးပေါ်ကာလကို သက်တမ်းတိုးပေးတဲ့ ပုဒ်မဖြစ်ပြီး ‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက် အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။’ လို ပြဋ္ဌာန်းထားပါသည်။
စစ်ကောင်စီက ပုဒ်မ ၄၂၅ နဲ့ ခြောက်လအထိ နှစ်ကြိမ်တိုးပြီးနောက်မှာ ကာလုံအစည်အဝေးမှာအခုလိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးကို ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ ခွင့်တိုင်ကြားခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ခဲ့ပါတယ်။