ဖေဖော်ဝါရီ ၃ SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီက ရဟတ်ယဉ်တစ်စီးဖြင့် လာရောက်ပျံဝဲသွားကြောင်း သတင်းရရှိထားပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၃ ရက် မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မြိုရဲ့ ပါတ်ပါတ်လည်နေရာတွေမှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်တစ်စီးဖြင့် သုံးကြိမ်ထက်မနည်း လာရောက်လှည့်ပါတ် ပျံဝဲသွားတယ်လို့ နမ္မတူမြို့ဒေသခံတစ်ဦးစီကနေ ကြားသိရပါတယ်။
“ညနေပိုင်း ၁ နာရီကျော်လောက်မှာ တစ်ကြိမ် လာတယ် ဘယ်ကနေလာသလဲတော့မသိဘူး ပြီးရင်မြို့ရဲ့ အရှေ့ဘက်ကိုပြန်ထွက်သွားတယ် ပြီးရင် ညနေ ၂ နာရီခွဲလောက်မှာ တစ်ကြိမ်ထပ်လာတယ် ပြီးရင်မြို့ရဲ့ အရှေ့ဘက်အရပ်ကို လှည့်ပြီး ခမရ ၃၂၄ တပ်ကုန်းမှာ ဆင်းတယ်နဲ့တူတယ် ပြီးမှ ညနေ ၄ နာရီလောက် ပြန်ထွက်သွားတယ် ဘာသတင်းတွေကြားလို့ လာသလဲတော့မသိဘူး ဒါမှမဟုတ်လဲ ခမရ ၃၂၄ မှ တစ်ခုခု လာပို့တာလားတော့မသိဘူး” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းတပ်ဖွဲ့ SSPP/SSA ၊ ကချင်တပ်ဖွဲ့ KIA ၊ ပလောင်တပ်ဖွဲ့ TNLA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ သွားလာလုပ်ရှားကြတာ ရှိပါတယ်။