ဖေဖော်ဝါရီ, 13 SSCH
ဒါဇင်နဲ့ချီတဲ့ သင်္ချိုင်းမြေကျင်းတွေကို တူရကီ အရှေ့တောင်ပိုင်း ဂါဇီယ့တပ်ခရိုင်မှာ ဖေဖော်ဝါရီ ၁၁ ရက်က အသင့်တူးထားတာ တွေ့ရပါတယ်။
တူရကီနဲ့ ဆီးရီးယား တလွှား အားပြင်းတဲ့ ငလျင်တွေကြောင့် သေဆုံးခဲ့သူ အယောက် ၂သောင်း ၈ ထောင်ကျော် သေဆုံးခဲ့လို သေဆုံးသူတွေအတွက် အသင့်တူးထားတာ ဖြစ်ပါတယ်။
တူရကီမှာ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အပျက်အစီးပုံထဲကနေ လူ ၆၇ ယောက်ကို အသက်ရှင်လျက်သား တူးဖော်နိုင်ခဲ့တယ်လို တူရကီ ဒုသမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
ငလျင်သင့်ဒေသတလွှား ကယ်ဆယ်ရေးသမား အယောက် ၃၁၀၀၀ လောက်ကို ကြိုးစား ကယ်ထုတ်နေကြပါတယ်။
ဆေးရုံတွေမှာ လူ ၈ သောင်းလောက်ကို ဆေးကုပေးနေရပြီး လူ ၁.၀၅ သန်းကတော့ ငလျင်တွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ယာယီ အမိုးအကာတွေထဲမှာ နေရတယ်လို ဒုသမ္မတက ဆက်ပြောပါတယ်။
တူရကီတောင်ပိုင်းမှာ ဖေဖော်ဝါရီ ဆယ်ရက်က ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဟာတေပြည်နယ် တေပေဟန်ရွာထဲက သံလွင်ပင်စိုက်ခင်းတလွှား ငလျင်ကြောင့် ဖြစ်တဲ့ မြေလွှာ အက်ကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိင်းရှိင်း တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ ဆီးရီးယား နိုင်ငံတွေတလွှားမှာ အင်အား ရစ်ချတ်တာ စကေး ၇.၈ ရှိတဲ့ ငလျင်လှုပ်အပြီး နောက်ထပ် အင်အားပြင်း မြေပြင် တုန်ခါမှုတွေကြောင့် နှစ်တရာအတွင်း သတ္တမမြောက် လူအသေအပျောက် အများဆုံး ကပ်ဘေးဆိုက်ခဲ့ပါတယ်။