ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ – မိုင်းခွ န်- မိုင်းဆတ်ကားလမ်းတွင် ကားတစ်စီးသည် ပေ(၁၀၀၀) ဝန်းကျင်ရှိ ချောက်ထဲသို ထိုးကျသွားရာမှာ လူ(၅)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့၏ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ကျိုင်းတုံမြိုနယ်အတွင်း မိုင်တိုင်အ မှတ်(၁၄/၂)နှင့်(၁၄/၃) အကြား၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာအနီးတွင် Vigo အမျိုးအစား အဖြူရောင်ကား တစ်စီးသည် ဘရိတ်ပေါက်ပြီး ပေ(၁၀၀၀)ဝန်းကျင်ရှိ ချောက်ထဲသို ထိုးကျ တိမ်းမှောက်သွားခြင်း ဖြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသည့် (၁၂)ဦးအနက် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၅)ဦး သေဆုံးပြီး အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ချောက်ထဲမှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲဝင်များက ကယ်ဆယ်ရေးများ လုပ် ဆောင်ပေးခဲ့ကြပြီး သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများကို ကျိုင်းတုံမြို တိုင်းနေနာရေးကူညီမှုအသင်း နှင့် လားဟူတိုင်း ရင်းသားလူမှုကူညီရေးအသင်း အပါအဝင် လူမှုကူညီရေးအသင်းများ၊ အရန်မီးသတ်တပ်ဖွဲဝင်များက ကူညီသယ်ဆောင်ပြီး ကျိုင်းတုံဆေးရုံကြီးသို ပိုဆောင်ပေးထားကြောင်း သိရသည်။
Credit to original source
Photo: တိုင်းနေနာရေးကူညီမှုအသင်း