၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် ၊ SSCH
KNU/KNLA တပ်မဟာ ၅ ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် ထုတ်ပြန်ချက်အရ – ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း တိုက်ပွဲ ၂၇၃၇ ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံနယ်ခြားစောင့်တပ် BGF တပ်ဖွဲဝင် ၁၃၀၇ ဦးသေဆုံးခဲ့ပြီး ၉၇၂ ဦးထိခိုက်ဒဏ်ရာရတယ်လို ဆိုထားပါတယ်။
သေဆုံးသူတွေထဲမှာ တပ်ရင်းမှူး နှစ်ဦး၊ ဒု-တပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၆ ဦး၊ ဒုတိယဗိုလ် ၆ ဦး၊ တပ်ကြပ်ကြီး ၉ ဦး၊ တပ်ကြပ် တစ်ဦးပါဝင်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး ၄ ဦး၊ ဒု-တပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ် တစ်ဦး၊ ဒု-ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး တစ် ဦးနဲ့ ဒု-တပ်ကြပ် တစ်ဦးပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ မြင်းအကောင် ၆၀ သေဆုံးပြီး ၂၃ ကောင်ဒဏ်ရာရခဲ့သလို စစ်ကား ၅၅ စီး၊ စစ်ကောင်စီအသုံးပြု တံတား ၈စင်းနဲ့ အဆောက်အဦး အလုံး ၂၀ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော်သူလေသုမူဒို KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲဝင် ၅၀ ဦးအသက်ပေးခဲ့ပြီး၊ ၁၈၀ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်က မူတြော်ခရိုင်၊ ဒေသခံလူထုနေထိုင်တဲ့ ကျေးရွာနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး အလုံးရေ ၂၀၀၁ လုံးပစ်ချခဲ့ပြီး၊ လေယာဉ်ဖြင့် ၃၅ ကြိမ်၊ ဗုံးသီးကြီး ၁၈၂ လုံးကြဲချခဲ့ပါတယ်။
စစ်ကောင်စီစစ်တပ်က လက်နက်ကြီးပစ်ခတ်၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၄၁) ဦးသေဆုံးခဲ့ပြီး၊ (၉၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံပြည်သူတွေရဲ့ နေအိမ် (၉၆) လုံး၊ ဘုးရားကျောင်း (၂) လုံး၊ စပါးကျည် (၁၀) လုံး၊ စပါးတြိတ်စက် (၂) လုံးပျက်စီးခဲ့တဲ့အပြင်၊ ဒေသခံတွေရဲ့ ကျွဲ (၉) ကောင်နဲ့ နွား (၇) ကောင်လည်းသေဆုံးခဲ့ပါတယ်။
KNU တပ်မဟာ ၅ စစ်ရေးချုပ်ရုံးအနေနဲ့ တပ်မဟာ ၅ နယ်မြေအတွင်းက အကြမ်းဖက်သစ္စာခံတွေကို တာဝန်ကနုတ်ထွက်ပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆော်သြခြင်းမပြုလုပ်ရန် ဇန်နဝါရီ ၁၀ ရက် နောက်ဆုံးထား သတိပေးချက်ထုတ်ပြန်ထားပါတယ်။