KIA/PDF တည်ရှိရာ တပ်စခန်းကုန်းကို SNA ဝင်ရောက်သိမ်းပိုက်

ဇန်နဝါရီ ၂၀ SSCH

သျှမ်းနီအမျိုးသားများ တပ်မတော် ( S.N.A ) မှ ဗန်းမောက်မြို့နယ် အတွင်းရှိ KIA , PDF တပ်ဖွဲ့၏ ပွိုင့်ကုန်းတစ်ခုကို ၁၈.၁. ၂၀၂၃ ရက်နေ့ ည ၁၁ : ၂၀ ခန့်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

Photo Credit:


သျှမ်းနီအမျိုးသားများ တပ်မတော် ( S.N.A ) မှ တောင်ကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ တိုက်ပွဲအတွင်း KIA,PDF ပူး ပေါင်းတပ်ဖွဲ့မှ ၂ ဦးကျဆုံးခဲ့ပြီး ( S.N.A ) မှ ၁ ဦးဒဏ်ရာရရှိ ၊ သေနတ် ၂ လက် နှင့် စစ်လက်နက်ပစ္စည်းများလည်း သိမ်းဆည်းခဲ့ရကြောင်း သိရှိရသည်။

ဗန်းမောက်မြို့နယ်သည် သျှမ်းနီအမျိုးသားများ တပ်မတော် ( S.N.A )ထိန်းချုပ်လှုပ်ရှားနယ်မြေဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်ရေး အကြောင်းပြချက်ဖြင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့ များရောက်ရှိလာခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ ၊ အုပ်ချုပ်ရေးယန္တရားများအား နှောက်ယှက်ဖျက်ဆီးခြင်း မရှိပဲ သျှမ်းတိုင်းရင်းသားများနေထိုင်ရာ ဒေသအတွင်းရှိ စစ်ကောင်စီ တပ်စ ခန်းများကိုသာ လာရောက် ချောင်းမြောင်း ပစ်ခတ်လေ့ ရှိကြောင်း သိရှိရသည်။
Source : : Credit
Photo : Credit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img