CNF ဌာနချုပ် ဒုတိယအကြိမ်ဗုံးကြဲခံရ

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၁ ၊ SSCH

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – Chinland Information Center
Photo – Chinland Information Center

စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကို မသိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကြောင့် နီးစပ်ရာရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ်အချို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီသည် Camp Victoria စခန်းကို ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF ရဲဘော် ၅ ဦးကျဆုံးခဲ့ရသေးတယ်လို သိရပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img