2023 ခုနှစ်အတွင်း သီပေါမြိုနယ်ရှိ ကျေးရွာ အုပ်စု ၁၁ စု ခန့် ရေအားလျှပ်စစ်ဆည်တည်ဆောက် ခြင်းကြောင့်ရေမြုပ်‌နိုင်

ဇန်နဝါရီ ၁၀ ၂၀၂၃ ခုနှစ်၊ SSCH

ဒုဌဝတီမြစ် သည် သီပေါမြို ‌အရှေ့တောင်ဘက် တွင် နမ္မတူမြစ် နှင့် နမ့်မ မြစ်တို ပေါင်းစုံပြီး ဒုဌဝတီမြစ်အဖြစ် သီပေါမြိုအားကွေ့ဝိုက်ဖြတ်သန်းစီးဆင်း လျှက်ရှိသည်။

Photo Crd


ထိုမြစ်တစ်လျောက် ဆည်ကြီးများတည်‌ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူသည့်စီမံကိန်းများစွာရှိကြသည်။
နမ္မတူမြစ်ပေါ်တွင် သီပေါမြိုနယ် မိုးတေ ကျေးရွာအနီး ဆည်တစ်ခု တည်ဆောက်နေသည်။
နမ္မမြစ်ပေါ်တွင် သီပေါမြိုနယ် စဉ့်အင် ကျေးရွာ အနီးတွင် ဆည် တစ်ခု တည်ဆောက်နေသည်။
ဒုဌဝတီမြစ်ပေါ်တွင် သီပေါမြိုနယ် တာလုံကျေးရွာ အနီး ဆည်ကြီးတစ်ခု တည်ဆောက်နေသည်။
ဆည်ကြီးသုံးခု၏ ဝိုင်းရံခြင်းခံရမည့် သီပေါမြို အနေဖြင့် မြစ်ရေမျက်နာပြင်မြင့်တက်ခြင်း၊မြစ်ကြောင်းတစ်လျောက် သီးနှံစိုက်ခင်းများရေလွမ်းမိုးခြင်း နှင့် မြေပေါ်မြေအောက် သံယံဇာတ များစွာဆုံးရှုးရနိုင်သည်။

ဆည်များတည်ဆောက်ပြီး လျှစ်စစ်ဓါတ်အားထုတ်ယူခြင်းသည် တခြားမြိုကြီးများတွင် မီးလင်းနိုင်စေရန်ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း မီးလင်းရန် မဟုတ်ပါ။

ယခင်က အစိုးရ အဆက်ဆက် ဆည်တည်ဆောက်ရေးစီမံကိန်းများတွင် ဒုဌဝတီမြစ် အထက်ရဲရွာ စီမံကိန်းအနီးရှိ တာလုံ ကျေးရွာ အား ရေဝပ်ဧရိယာအဖြစ် သတ်မှတ်ခဲ့ကြသဖြင့် ကျေးရွာသူ၊သားများက ဆန့်ကျင်ခဲ့ကြသေးသည်။ တာလုံကျေး ရွာသူ၊သားများမှ ယခင် NLD အစိုးရလက်ထက်တွင်‌ ဒေါ်အောင်ဆန်းစုကြည် ထံ အိတ်ဖွင့်ပေးစာ ပေးပို‌တောင်းဆိုခဲ့ပြီး ယနေ့တိုင် ဆည်လုပ်ငန်းများရပ်တန့်ခြင့်မရှိခဲ့ပါ။

2021 စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထို စီမံကိန်းများကို အင်တိုက်အားတိုက် တိုးချဲ့လာပြီး ယခု အခါ မြစ် ကြောင်းတစ်လျောက် ကျေးရွာများဖြစ်သော ဘော်ကြို၊ကျင်တီ၊လောဝ်ခွန် စတဲ့ကျေးရွာများတွင် ‌ဆည်ကြီးကြောင့် ရေမျက်နာပြင်မြင့်တက်မှုဒဏ်ကို ခံစားရမည်။

2022 ခုနှစ် အောက်တိုဘာလတွင် ရေလွတ်ခြင်း စတင်မည်ဟု ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြစ်ကြောင်းတစ်လျောက်ကျေးရွာများတွင် စာထုတ်ပြန်ထားသည်။
Credit to original uploader

Latest articles

spot_imgspot_img

Related articles

spot_imgspot_img