၂၀၂၃ ‌ရွှေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ရှိ မြို့နယ်တွေမှာ စစ်ကောင်စီက လူဦးရေစာရင်းလိုက်ကောက်

ဇန်နဝါရီ ၁၉
SSCH
စစ်ကောင်စီ ကျင်းပမည့် ၂၀၂၃ ရွှေးကောက်ပွဲတွေအတွက် ရှမ်းပြည်နယ်ရှိ မြို့နယ်နေရာ အတော်များများမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက ကျေးရွာအုပ်စုအလိုက် လူဦးရေစားရင်းတွေကို လိုက်ကောက်နေပြီလို ဒေသခံတွေစီက ကြားသိရပါတယ်။

“ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းကစပြီး မိုင်းကိုင်မြို့နယ် တုံလောအုပ်စုထဲက ကျေးရွာတွေမှာ လိုက်ကောက်တယ် တစ်ရွာပြီးတစ်ရွာ အဲ့လိုပေါ့ တုံလော ရပ်ကွက် (၁) ရပ်ကွက်(၂) လဲ ကောက်ပြီးပြီ အခု မြိုထဲမှာလဲကောက်ပြီးပြီလို့ကြားတယ် ။ တုံလောအုပ်စုမှာ လာကောက်တာကတော့ လဝကရုံးက လာကောက်တာပါ” လို့ အမည်မဖော်လိုတဲ့ မိုင်းကိုင်မြို့နယ် ဒေ သခံတစ်ဦးကလဲပြောပါတယ်။

Photo:မိုင်းကိုင်မြို့နယ် တုံလောအုပ်စု တုံလောကျေးရွာက လူဦးရေစာရင်းကောက်နေပုံ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာလဲ ဇန်နဝါရီလ (ဒုတိယပတ်) ထဲမှာပဲ ကောက်သွားတာ ဖြစ်ပြီး လူဦးရေစာ ရင်းကောက်ယူရာတွင် အိမ်ထောင်စုထဲက လူဦးရေရှော့နည်းနေပါက PDF နှင့် CDM လုပ်နေသူများရှိမရှိစစ်ဆေးမေးမြန်းတာတွေရှိနေတယ်လို့ သိရပါတယ်။


ရှမ်းပြည်တွင် မိုင်းကိုင် ၊ မူဆယ် ၊ နမ္မတူ ၊ တာချီလိတ်၊ ကျိုင်းတုံ၊ လွိင်လင်၊ ဆီဆိုင်နှင့် ပင်လောင်းတိုမှာ ရွေး ကောက်ပွဲအတွက် စစ်ကောင်စီမှ လူဦးရေ စာရင်းကို လိုက်လံကောက်ခံခဲ့ပြီး တစ်ချို့မြို့နယ်မှာလဲ လိုက်ကောက်တုန်းကာလဖြစ် ဖြစ်ကြောင်းလည်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img