15,January,2023 -SSCH
ဇန်နဝါရီလ လဆန်းပိုင်း နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ( ၇၅ ) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခန်းနားတွင် အာဏာသိမ်းစစ်ကောင်စီ မှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကျိုးပြုလုပ်သူများကို ဘွဲတံဆိပ် ချီးမြှင့်ခဲ့ရာ တက်ရောက် မယူနိုင်သူများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြိုတွင် ယမနေ့ ဇန်နဝါရီလ ( ၁၃ )ရက်နေ့က ဘွဲတံဆိပ်လာရောက်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည်တပ်မတော် RCSS / SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ်၏ ဝဏ္ဏကျော်ထင် ဘွဲတံဆိပ်ကို ယမနေ့ ဇန်နဝါရီလ ( ၁၃ )ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ တိုက လာရောက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရှိရသည်။
နေပြည်တော်သို ဝဏ္ဏကျော်ထင်ဘွဲကို တက်ရောက်မယူနိုင်ခဲ့သည် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ကိုယ်စား ဗိုလ်မှူးကြီး ရှောင်းဟန်က ကိုယ်စားပြုဘွဲတံဆိပ်ကို တက်ယူခဲ့ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ က အတည်ပြုပြောဆိုခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းစစ်ကောင်စီ ပေးသည့် ဘွဲကို ရှမ်းပြည်သား ( ၅ )ဦး လက်ခံရရှိခဲ့ပြီး ၊ ထိုထဲတွင် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုင်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC – U ) ၏ ဒု ဥက္ကဌ( ၂ ) စိုင်းမျိုးသန့် ၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဌ လည်းဖြစ် ဟိုတယ် နှင့်ခရီးသွားလာရေး လုပ်ငန်း ဒု – ဝန် ကြီးဟောင်း ဒေါက်တာ စိုင်းကျော်အုန်း ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲဝင်လည်းဖြစ်သည့် စိုင်းလုံးဆိုင် နှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ် တိုဖြစ်ကြောင်း သိရှိရသည်။