ဇန်နဝါရီ ၂၇ SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြိုတွင် ရေကန်ဆင်းဆယ်ရာမှ အမျိုးသား(၄)ဦး အနက် (၂)ဦး သေဆုံးမှု ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ဖြစ်ပွားကြောင်း သိရသည်။
လားရှိးမြိုပေါ် ရပ်ကွက် (၁၂)ရှိ စက်မှုအထက်တန်းကျောင်ဝန်းအတွင်း ယနေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က အမျိုး သား(၄)ဦးသည် ရေကန်အတွင်း ဆင်းပြီးဆယ်ရာ ရေကန် Ground Tank အတွင်း ပြုတ်ကျ၍ အမျိုးသား(၄)ဦးအနက် (၂)ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း သိရသည်။
ရေကန်အတွင်းသို လားရှိးမီးသတ်တပ်ဖွဲက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို လာရှိးလူငယ်ပရဟိတအသင်းနှင့် ကမ္ဘောဇပရဟိတအသင်း အပါအဝင် ကြက်ခြေနီအသင်းတို၏ လူနာတင်ယာဉ်များဖြင့် လားရှိးပြည်သူ့ဆေးရုံသို ပိုဆောင်ပေးထား ကြောင်း သိရသည်။