လားရှိူးမြို့နယ် နားစောက်အုပ်စု ရာဘာခြံအနီးတစ်နေ ရာမှာသေနတ်ဒဏ်ရာနှင့် လူသေအလောင်းတစ်လောင်းတွေ့ရှိ

Shan State Channel
03-01-2023

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ် နားစောက်အုပ်စု တိန်းခမ်းကျေးရွာ၏ တောင်ဘက်အရပ် ရာဘာခြံအနီးမှာ သေ နတ်ဒဏ်ရာနဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိပြီး အဲ့ဒီလူသေအလောင်းကို မီးသင်္ဂြိုလ် ပေးလိုက်ပြီလို့ အ မည်မဖော်လိုတဲ့ဒေသခံ တစ်ဦးစီကနေ ကြားသိရပါတယ်။

လူသေအလောင်းကိုမီးသင်္ဂြိုလ်ထားသည့်ပုံ

ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၁၄ နာရီ ၅၀ မိနစ် အချိန်မှာ တိန်းခမ်းကျေးရွာဒေသခံတွေ တစ်ချို့က  ရွာရဲ့တောင်ဘက် အရပ် ရာဘာခြံအနီးမှာ အမည် နေရပ်မသိ သေနတ်ဒဏ်ရာနင့် အသက် ၃၀ ကျော်အရွယ်ခန့်ရှိသည့် အမျိုးသား တစ်ဦးရဲ့ ရုပ်အ လောင်းကိုတွေ့ရှိပြီး အဲ့ဒီလူသေရုပ်အလောင်းကိုတော့ရွာသားတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေ ဝိုင်း ဝန်းပြီး  မီးင်္ဂြိုလ်ပေးခဲ့လိုက်ပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၈-၁၂-၂၀၂၂ ရက်နေ့မှာတော့ ကိုးကန်တပ်ဖွဲ့ နဲ့ PDF တပ်ဖွဲတွေ ကိုးယောက် ဆယ်ယောက်လောက်က နား စောက်အုပ်စု နား မတ်ကျေးရွာ လူအသွားအလာတွေ စစ်ဆေးရေးလုပ်နေတာတော့ရှိတယ် ၊ ပြီးတော့ ၂၈-၁၂-၂၀၂၂ နံ နက်အစောပိုင်း ၆ နာရီ ဝန်းကျင်လောက်ပေါ့ သေနတ်ပစ်သံ ၄ ချက်လောက် ကြားရတယ်။ ၀၁-၀၁-၂၀၂၃ ရက်နေ့ ရောက်မှ ရွာရဲ့တောင်ဘက် ရာဘာခြံမှာ လူသေအလောင်းတစ်လောင်းတွေ့တယ် သံတိုသံစ လိုက်ကောက်တဲ့  စျေး သယ် နဲ့တူတယ်  ။ အဲ့ဒီရုပ်အလောင်းမှာတော့ သေနတ် ဒဏ်ရာနဲ့ပေါ့ ဘယ်သူ ဘယ်အဖွဲ့ပစ်သွားတာတော့မသိဘူး”  လိုႉဒေခံတစ်ဦးကလည်း ရှမ်းဘာသာစကားဖြင့်ပြောပြထားပါတယ်။

လားရှိူးမြို့နယ် နားစောက်အုပ်စု အတွင်းမှာ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ် ကြတဲ့ ရှမ်းတပ်ဖွဲ့ SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် တအာင်းပလောင်တပ် ဖွဲ့ TNLA တို့ လူပ်ရှားသွားလာတဲ့နယ်မြေဖြစ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img