လားရှိူးမြို့နယ်က ပြောင်းဖူးပွဲရုံတစ်ခု ဓါးပြတိုက်ခံရ

ဇန်နဝါရီ ၁၆ 
SSCH

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ်အီနိုင်းကျေးရွာအုပ်စု  ခြောက်မိုင်ကျေးရွာက ပြောင်း ဖူးပွဲရုံတစ်ခု ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ည ၇ နာရီက ဓါးပြတိုက်ခံရတယ်လို့ ဒေသခံတွေစီကနေ ကြား သိရပါ တယ်။

ဖြစ်စဉ်မှာ ည ၇ နာရီ အချိန် Crown ကားအမျိုးအစား ၂ စီး အနက်ရောင် တစ်စီး အဖြူရောင် တစ်စီး မောင်းနင်လာတဲ့ အမျိူသား ၆ ဦးမှာ ပစ်စတို သေနတ် ကိုယ်စီနဲ့ ရွှေမိုင်းရင် ပြောင်းဖူး ပွဲရုံထဲသို့   ဝင်ရောက်လာပြီး ၎င်းအိမ်ပိုင်ရှင်အား သေနတ်ထောက်ပြီး ဓါးပြတိုက်ကာ ငွေကျပ် သိန်း ၁၀၀ ကျပ်၊ ဖုန်း ၈ လုံး နှင့် သိန်း ၂၀၀ တန်ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရပါတယ်။

ပစ္စည်းများမွေနှောက်ယူဆောင်ပြီး အဲ့ဒီအမျိုးသား ၆  ဦးမှာ လားရှိူးဘက်သို့ ကားဖြင့် ပြန်ထွက် သွားကြတယ်လို့ – ဒေသခံတစ်ဦးကပြောပါတယ်။

လားရှိူးမြို့နယ်က မြို့အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးရေးဂိတ်များထားရှိပြီး လူဝင် လူထွက်စစ်ဆေးနေသော်လည်း လားရှိူးမြို့မှာ ခိုးမူ ၊ လုယှက်မူ့ ၊ ဓါးပြတိုက်မူများ မကြာခဏဆိုသလို ဖြစ်ပွားတတ်ကြောင်းသိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img