14 ,January,2023 SSCH
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို တွင် နေထိုင်သည့် လူငယ်တစ်ဦးကို PDF ထောက်ပံ့သည် ဟုဆိုပြီး အာဏာသိမ်းစစ်ကောင်စီမှ ယမနေ့ (ဇန်နဝါရီလ ၁၃ ) ရက်နေ့တွင် အလုပ် နှင့် ထောင်ဒဏ် ( ၁၀ ) နှစ်ချလိုက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြိုတွင် နေထိုင်သည့် ကျော်ရဲထွေး (ခ) အလင်းသခင် (အသက် ၂၉ )ကို ယမနေ့ ဇန်န ဝါရီလ ၁၃ရက်နေ့တွင် မူဆယ်ခရိုင် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ ( ည )ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ချလိုက်ကြောင်း သိရှိရသည်။
ပြီခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅နာရီခန့်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို ရဲတပ်ဖွဲ က အင်အား ( ၁၅ ) ဦးက အရပ်ဝတ်ဖြင့် ကျော်ရဲထွေး ( ခ ) အလင်းသခင် အား အိမ်အရောက်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိ ရှိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပစ်မဲ့ပြည်သူ ( ၁၇၂၁၇ ) ဦးကို ဖမ်းဆီးခဲ့ပြီး ( ၂၇၃၀ ) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
Credit : SHAN NEWS