၂၀၂၃ခုနှစ် ဇန်နဝါရီ ၉ ၊ SSCH
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြိုနယ် တာလေမြို နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် မူးယစ်ဆေး အလွန် အကျွံသုံးစွဲသည့် အမျိုးသား တစ်ဦးက အိမ်နီးချင်း သားအမိ ၂ ဦးကို ဓားဖြင့်ခုတ်ရာ ကလေးငယ် တစ်ဦးသေဆုံးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် ညနေ ၉ နာရီခွဲမှာ တာလေမြို နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါး သုံးစွဲပြီး အသိစိတ်လွှတ်ရာမှ မီးလှုနေသည့် အိမ်နီးနားချင်း သားအမိ နှစ်ဦးကို ဓားဖြင့်ခုတ်ရာ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိပြီး၊ ကလေးငယ် သေဆုံးခဲ့ကြောင်း တာလေမြို လောကပါလ လူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူ တစ်ဦးက ဆိုထားပါတယ်။
ဓားနဲ့ အခုတ်ခံရတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးမှာ (ဘယ်) လက်တစ်ဖက်ကျိုးပြီး ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အသက် (၅) နှစ် ဝန်းကျင်အရွယ်ရှိ သားဖြစ်သူမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး (ဇန်နဝါရီ ၈ ရက်) နံနက် ၇ နာရီခွဲခန့် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် သေဆုံးသွားတယ်လို သိရပါတယ်။
“ မီးလှုနေတဲ့ သားအမိ ၂ ယောက်ကို အိမ်ထဲက ထွက်လာပြီး ဓားကောက် နဲ့ ပိုင်းခုတ်လိုက်တာဗျ။ သူက အသိစိတ်လွှတ်သွားလားတော့ မပြောတတ်ဘူး။ မိခင်ဖြစ်သူကတော့ ဘက်ဖက်လက်ကျိုးတယ်၊ ဦးခေါင်း ဒဏ်ရာရတယ်။ ကလေးက တော့ ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်လို ကျိုင်းတုံဆေးရုံကို ဆေးဝါးကုသရင်း ဆုံးသွားပြီ “ လို တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
အဲ့ဒီ ပြစ်မူကျုးလွန်တဲ့ အသက် (၃၆) နှစ် ဝန်းကျင် အမျိုးသားတစ်ဦးကိုတော့ သက်ဆိုင်ရာ တာလေမြို ရဲတပ်ဖွဲက ဖမ်း ဆီးထားတယ်လို သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တာလေမြိုနယ်မှာ မူးယစ်သုံးစွဲသူများလာသလို လောင်းကစားဝိုင်းလည်း ပေါလာတယ်၊ ဒေသခံရဲတွေကလည်း မဖမ်းဘူး လို ဒေသခံတွေဆီကနေ ကြားသိရပါတယ်။