ဇန်နဝါရီ ၂၄ SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုက ဒေသခံများရဲ့ စိုက်ပျိုးရေးမြေနေရာတစ်ချို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစ TNLA နှင့် အပေါင်းပါလူတစ်ချို့က ပူးပေါင်း ပြီး ရွာသစ်ဆောက်ရန်အကြောင်းပြချက်နှင့် ထိုမြေနေရာတွေကို ခုတ်ထွင်ရှင်းလင်းပြီး ရွာသစ်ဆောက် ၊ စိုက်ပျိုးမြေနေရာတွေကိုချဲ့ထွင်ကာ မူရင်းပိုင်ရှင်ဖြစ်တဲ့ ဆိုက်ခေါင်ဒေသခံပြည်သူ တစ်ချို့ စိုက်ပျိုးမြေနေရာမလုံလောက်တဲ့ပြသာနာတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံစီ ကနေ ကြားသိရပါ တယ်။
“ ဒါဟာလူမျိုးရေးပြသာနာကိုဖော်ဆောင်တဲ့ အနေအထားလို့ပဲမြင်တယ် အဓိကကျုးကျော်လာတာကတော့ နှစ်ရွာရှိ တယ် ဖာစွမ်အုပ်စုထဲက ကောင်းဟုန်းကျေးရွာနဲ့ အခုရွာသစ်တစ်ရွာပေါ့ ။ ဆိုက်ခေါင်အုပ်စုကလူတွေ ဘိုးဘွားစဉ် ဆက် ကတည်းက စိုက်ပျိုးလာတဲ့မြေနေရာတွေလေ သူတို့က ကျုးကျော်ပြီးခုတ်ထွင်လာတယ် တစ်ဘက်က သွားပြော ရင် TNLA စစ်သားတွေလုပ်ခိုင်းတယ်လို့ပဲပြောတယ်။ တစ်ခါတစ်လေလဲ အဲ့ဒေသမှာလုပ်ရှားတဲ့ TNLA တပ်သား တွေလဲ လိုက်လုပ်တယ်။ အနေအထားကိုကြည့်ပြီး ရှင်းရှင်းပြောရရင်တော့ ပလောင်လူမျိုးတွေက ပလောင်တပ်ဖွဲ့ အားကိုးနဲ့ တစ်ဘက်က ရှမ်းလူမျိုးတွေရဲ့ စိုက်ပျိုးနယ်မြေထဲကို ကျုးကျော်ပြီးသိမ်းပိုက်နေတာပဲဖြစ်တယ်။ အဲ့လို ပြောရင်နား ကြားမကောင်းဘူးဆိုပေမယ် တကယ့်အနေအထားကအဲ့လိုဖြစ်နေတာပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိအနေအထားမှာ TNLA ဦးဆောင်တဲ့ ပလောင်ပြည်သူတစ်ချို့သည် နယ်မြေအတွင်း တစ်ချို့နေ ရာတွေမှာ ဆိုင်း ပုတ် အုတ်တိုင်တွေဆိုက်ထူဖို့စီစဉ်လုပ်ဆောင်နေတာရှိပြီး ဆိုက်ခေါင်ဒေသခံပြည်သူတွေလဲ စိုက်ပျိုးရေးနယ် မြေတွေ ကျုးကျော်ခံရတဲ့ကိစ္စကြောင့် မကျေမနပ်ဖြစ်ကာ တရားမျှတမူ့ရရှိရေးအတွက် ကူညီဖြေရှင်းပေးပါရန် SSPP/SSA ထံ စာဖြင့် တင်ပြအကူအညီတောင်းသွားမှာဖြစ်ပြီး မိမိစိုက်ပျိုးရေးနယ်မြေပြန်လည် ရရှိဖို့ရန်အထိလဲ လုပ်ဆောင်သင့်သလို လုပ်ဆောင်သွားမယ်လို့ ဆိုက်ခေါင်ဒေသခံ လူငယ်တွေလဲ ဆိုပါတယ်။