စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ နှစ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ

ဇန်နဝါရီ ၂၉ SSCH

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တွင် စတင်ခဲ့သည့် စစ်အာဏာသိမ်းမှုသည် ယခုလ ကုန်လျှင် ၂ နှစ် တင်းတင်း ပြည့် တော့မည်ဖြစ်သည်။

photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:
photo Crd:

စစ်ခေါင်းဆောင်မင်းအောင်လှိင်နှင့် အပေါင်းအပါတိုလက်ချက်ဖြင့် ၂ နှစ် အတွင်းမှာပင် တိုင်းပြည်သည် ဆယ်စုနှစ်များစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

စစ်ဘေးဒုက္ခသည် သန်းနှင့်ချီတိုးလာခဲ့သည်။ နိုင်ငံ၏ ထက်ဝက်ကျော်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ဆင်းရဲမွဲတေမှု တိုးလာသည်။ ရာဇဝတ်မှုများ ထူပြောလာခဲ့သည်။ လူငယ်ထောင်ပေါင်းများစွာ သေကြေခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ တိုးပွားလာခဲ့သည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများ ထွက်ခွာသွားခဲ့သည်။ ထောင်ပေါင်းများစွာသော နေအိမ်များမီး လောင်ပြာကျခဲ့ရသည်။

နောက်ဆုံးပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအပါဝင် စစ်ခေါင်းဆောင် သည် ၂ နှစ် တာကာလအ တွင်း ဥပဒေပေါင်းများစွာကို စိတ်ကြိုက်ပြင်ပြီး နိုင်ငံကို စစ်အုပ်ချုပ်မှု သက်ဆိုးရှည်စေရန် ကြိုးပမ်းနေဆဲဖြစ်သည်။

နိုင်ငံတကာနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းမှုကျူးလွန်ခဲ့ပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်လျှင် ယင်းတို လက်ခံကျင့်သုံးနေသည့် ၂၀၀၈ ဖွဲစည်းပုံအရ ပေးထားသည့် အရေးပေါ်ကာလ သက်တမ်း ကုန်ဆုံးပြီဖြစ်သည်။

ထိုအချိန်တွင် စစ်ခေါင်းဆောင်သည် ယင်းစိတ်ကြိုက် ရွေးကောက်ပွဲ ပုံစံတစ်ခုကို အသက်သွင်းလာပြီး နောက်ထပ် ရွေး ကောက်ပွဲ အတုအယောင်တစ်ခုကို ပြုလုပ်ရန် စိုင်းပြင်းနေသည်။

(ဖော်ပြပါ အချက်အလက်များသည် BAP နှင့် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲများထံမှ ဖြစ်သည်။)

Credit – Burma Associated Press

Latest articles

spot_imgspot_img

Related articles

spot_imgspot_img