ဇန်နဝါရီ ၂၄ SSCH
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ်ကို စစ်ကောင်စီ၏ လေယာဉ်ပျံသန်းခြင်းသည် ရန်စစော်ကားသည့်လုပ်ရပ်ဖြစ်ပြီး နောက်တစ်ကြိမ် ယင်းကဲ့သို အကြောင်း ကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြိုပေါ်သို လေယာဉ်ပျံသန်းခြင်းများ၊ လေ့ကျင့်ခြင်များ ထပ်မံပြုလုပ်ပါက စစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း SSPP ရဲ့သတင်းဌာနကသတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ်ကိအာဏာသိမ်းစစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက လာရောက် ပျံသန်း၍ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
SSPP ဘက်က သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်းစစ်တပ်မှ FTC-2000G အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ကာ ထိုသိုအကြောင်းမကြားပဲ အနိမ့်ပျံသန်းမှုပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက စစ်ကောင်စီ၏ ငြိမ်း ချမ်းရေးညှိနှိင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်ဖြစ်နေသည့်အချိန်တွင် RCSS ဥက္ကဌ စဝ်ယွတ်ဆစ်တိုနှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင် မသိရသေးကြောင်း သိရှိရပါက အကြောင်းပြန်ပေးမည့်အကြောင်း ဖြေကြားခဲ့သည်ဟု ဆိုသည်။
SSPP သည် အပစ်ရပ်စာချုပ် (NCA)တွင် လက်မှတ်မထိုးထားသော်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင် စီနှင့် နှစ်ကြိမ်ခန့်တွေ့ဆုံထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို စစ်ကောင်စီက နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သေးသည်။