၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၄ ၊SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို KBZ ဘဏ်ရှေ့ညစျေးနားတွင် ယမန်နေ့ နေ့လည်ပိုင်းခန့်က ယာဥ်မောင်းတစ်ဦး ဘ ရိတ်နှင့် လီဗာကို မှားယွင်းနင်းမိ၍ သားအမိနှစ်ဦး ကားတိုက်ခံရပြီး သမီးဖြစ်သူ မိန်းကလေးသေဆုံးသွားကြောင်း သိရသည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ” ကျွန်တော်မျက်မြင်ကိုယ်တွေ့တာတော့မဟုတ်ဘူး၊ သူများပြောတာကြားတာက တော့ သူတိုသားအမိ နှစ်ယောက်က ဘဏ်ကနေထွက်လာတဲ့အချိန်မှာ ကားသမားက ဘရိတ်နဲ့လီဗာ မှားနင်းမိပြီး အဲ့ဒီအမျိုးသမီးနှစ်ယောက်ကိုတိုက်သွားတာ ပြီးတော့ တက်ကြိတ်သွားတယ်၊ အဲ့ဒါတင်မကသေးဘူး ဘဏ်ရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေကိုလည်းတိုက်သေးတယ်လို သိရပါသည်။
မိခင်ဖြစ်သူက ဒဏ်ရာရရှိပြီး သမီးဖြစ်သူမိန်းကလေးက ဆေးရုံရောက်ပြီးနောက် သေဆုံးသွားသည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။