အင်အားအသင့်အတင့်ရှိသော မြေငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှုများရှိ

ဒီဇင်ဘာ ၁၅ ရက်၊ SSCh

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားအသင့် အတင့်ရှိသော မြေငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေ တီ၏ စိန်ဖူးတော်မြေခခဲ့ပြီး အခြား ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သိရသည်။

Photo-Crd:
Photo-Crd:
Photo-Crd:

“ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်နေတုန်း ဝုန်းဆိုပြီး အိမ်က လှုပ်ပြီးတော့ တုန်သွားတာ။ အစကတော့ အိမ်ပေါ်ကို တစ် ယောက်ယောက်များ ခုန်တက်လာတာလားလို့ထင်မိတာ။ နောက်မှ ဖုန်းကနေ ငလျင်သတိပေးချက် alert မြည်တာ ကြားမှ ငလျင်လှုပ်နေတာလို့ သိရတာ။ ငလျင်ကတော့ အတော်လေးပြင်းတယ်။ အိမ်ထဲက ပစ္စည်းတွေလည်းပြုတ်ကျကုန်တယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

လတ်တလောတွင် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခြင်း၊ မူလ မဏိရတနာကျောင်းတော်ကြီး၏ မျက်နှာကျက်များပြိုကျခြင်းနှင့် အခြားထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ဒီဇင်ဘာလ ၁၅ ရက်  နံနက် ၃ နာရီ၊ ၁၆ မိနစ်၊ ၃၅ စက္ကန့် တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ပုလိပ် မြို့တွင် နေထိုင်သူများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

#မန္တလေးတိုင်း #ငလျင် #SSCH

Latest articles

spot_imgspot_img

Related articles

spot_imgspot_img