Shan State Channel
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈
သျှမ်းပြည် (တောင်ပိုင်း)၊ ဟိုပုံးမြိုနယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီးတွင် ဒီဇင်ဘာ ၁၇ ရက်နေ့၌စစ်ကောင်စီလုံခြုံ ရေးတပ်ဖွဲဝင်များက ဒိုင်နာတစ်စီးကို စစ်ဆေးစဉ် Type-81 လက်နက် ၄၀၀ ကျော်နှင့် ဆက်စပ် လက်နက်ခဲယမ်းပစ္စည်းများကို ဖမ်းစီးရမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းပေးပိုချက်အရ သျှမ်းပြည်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင် ရွက်နေသည့် တပ်ဖွဲဝင်များသည် ဆော်တောကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ပင်လုံမြို၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား တစ်ပါ(အပြာရောင်) ၆ ဘီးယာဉ် ၁ စီး အား မသင်္ကာ၍ ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိုသော် မော်တော်ယာဉ်ပေါ်ပါသူများမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုနောက် Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု နစက -က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့သည့် မေလကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြိုနယ်ရှိ စစ်ကောင်စီ၏ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်တွင် ကားဖြင့် သယ်ဆောင်လာသည့် Type 81 ရိုင်ဖယ် အလက် ၅၀ နှင့် ဆက်စပ်ခဲယမ်း များ အပါအဝင် လက်နက်သယ်ဆောင်လာသည့် လူငယ် ၂ ဦး အဖမ်းခံခဲ့ရပါတယ်။