ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ် နဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာက မိုးမိတ်မြို့နယ် မိုင်းလေကျေးရွာအုပ်စု မှာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအရှုံးများပြီး ဒဏ်ရာရရှိတဲ့လူနာ အယောက် ၈၀ ဝန်းကျင်ခန့်ကို မိုးမိတ်မြို့ နယ် သူတို့ စစ်ဆေးရုံကို လေယာဉ်နဲ့ သယ်လာခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်က ဆိုထား ပါတယ်။
“ မိုင်းလေမှာ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က အင်အား ၄၀၀ကျော်လောက်ရှိတယ်ဗျ၊ အခုလည်း စစ် ကောင်စီဘက်က အင်အားတွေ ထပ်ဖြည့်နေတုန်း၊ မနေ့တုန်းက ဒီဇင်ဘာ ၇ ရက် နေ့လည် ၂ နာရီခွဲ လောက်က ရဟတ်ယာဉ် ၄ စီးနဲ့ မိုးမိတ်က တပ်ရင်း အမှတ်၂၇၆ နဲ့ ၃၄၈ က သူတို့လူတွေကို သယ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ မိုင်းလေဘက်ကို အင်အားထပ်ဖြည့်နေတယ်၊ ကြားသိရသလောက်တော့ သူတို့က ကားလမ်းပေါ်သွားရင် လမ်းမှာ ချောင်းမြောင်းပစ်ခတ်ခံရမှာစိုးလို့ လေယာဉ်နဲ့ လာသယ်သွားတယ်” လို့ သတင်းရင်းမြစ်က ဆက်လက်ဆိုထားပါတယ်။
မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA, PDF အပြင် ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းတပ် TNLA တို့ အ ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။