SSch
15-12-2022
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် လွယ်ဆာ ကျေးရွာအနီး မှာ ဒေသခံကာကွယ်ရေး PDF တပ့်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားကြတယ်လို့ ကြား သိ ရပါတယ်။
15 , December , 2022 ရက်နေ့ နံနက် ၈ : ၁၅ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် လွယ်ဆာ ကျေးရွာအနီးမှာ ဒေသခံ PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားကြပြီး တိုက်ပွဲအတွင်း နှစ် ဘက်ထိခိုက်ကျရှံူးမူ့ကိုတော့မသိရသေးပါဘူး။
“တိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ လွယ်ဆာကျေးရွာနှင့် ၁ မိုင်ခွဲလောက် ဝေးမယ် ၊ မိုးမိတ်မြို့နှင့်ဆိုရင် ၁၂ မိုင် ခန့် ဝေးမယ် နေ့လည် ၁၁ နာရီတုန်းကဆို မိုးမိတ်ထဲကနေ စစ်လေယဉ် ၂ စီး လွယ်မောက်ဘက်ပြန်သွားတာတွေ့တယ် ပုံးကျဲတာတော့မတွေ့ဘူး ဘယ်ဘက်ပျံသွားတာလဲတော့မသိဘူး” လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါ တယ်။
မိုးမိတ်မြို့နယ်ထဲမှာ SSPP/SSA တပ့်ဖွဲ့အပြင် တအောင်းလွတ်မြောက်ရေးတပ့်ဖွဲ့ TNLA ၊ ကချင်တပ့်ဖွဲ့ KIA ၊ ဒေသ ခံ PDF တပ့်ဖွဲ့ ၊ စစ်ကောင်စီတပ့်ဖွဲ့တို့ လှုပ်ရှားသွားလာသည့် နယ်မြေဖြစ်ပြီး မကြာခဏဆိုသလို စစ်ကောင်စီ တပ့်ဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား တတ်ကြပါတယ်။
#ShanStateChannel
#တိုက်ပွဲ #မိုးမိတ်