စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲကြောင့် တစ်ချို့စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

ဒီဇင်ဘာ ၁၅၊ SSCh

နမ့်ဆန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနှင့် TNLA တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် အနီးနား ဝန်းကျင်က ရွာခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုချိန်ထိ စစ်ရှောင်တစ်ချို့ နေရပ်မပြန်နိုင်သေးပါ။

photo- Crd:

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီက ကုန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို အကာကွယ်ယူ ခံစစ်လုပ်၊  နောက်ပိုင်း သူတို့တပ်ဆုတ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့လည်၂ နာရီခွဲမှာ လေယာဉ်နဲ့ ကုန်းသာရွာ ဘုန်းကြီးကျောင်းကို ဗုံးလာကြဲခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်ကစ ပြင်းထန်ခဲ့တဲ့တိုက်ပွဲဟာ လေကြောင်းက ဗုံးကြဲခံခဲ့ရလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာ၊ ပိန်းလုံ၊ ဟူးမန်း၊ မန်လုံး၊ ပန်အလောက် နဲ့ ဆာမ်ငမ်ရွာခံ စုစုပေါင်း ( ၁၃၈၆ ) ဦးဟာ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ တိမ်းရှောင် နေကြရပါတယ်။

ဒီဇင်ဘာ ၁၄  ရက်နဲ့ ၁၅ ရက်နေ့မှာတော့ တိုက်ပွဲမဖြစ်တော့ပေမဲ့ အခြေနေ မတည်ငြိမ်သေးတာကြောင့် စစ်ဘေးရှောင်များ နေရပ်တို့ မပြန်ရဲသေးဘူးလို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img