၁၃.၁၂.၂၀၂၂၊ SSCH
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ယနေ့ထိဖြစ်ပွားတဲ့ စစ် ကောင်စီတပ်နှင့် TNLA တို့ ၇ ရက်မြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျ ရှုံးမှု များပြီး လက်နက်ခဲယမ်းတစ်ချို့ ဆုံးရှုံးခဲ့တယ်လို့ သိရပါ တယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံ၊ ဆမ် ငမ်ကျေးရွာ အနီးတဝှိုက် ဖြစ်ပွားတဲ့ စစ်ကောင်စီတပ် နဲ့ TNLA တို့တိုက်ပွဲ အတွင်း – TNLA ဘက် က ကွင်းဆင်းစစ်ဆေးရာ စစ်ကောင်စီရဲ့ရုပ်အလောင်း ၄၀ ဝန်းကျင် တွေ့ရှိပြီး လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ပွားခဲ့တဲ့ ၇ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်းသာကျေးရွာရှိ နေအိမ် ၄ အိမ် မီးလောင်ပြီး၊ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပါ ရွာလုံးကျွတ်နီးပါးလည်း လက်နက်ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။
နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ် အပြင် TNLA – PDF ပူးပေါင်းတပ်ဖွဲ့တို့ သွားလာလှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။
#နမ့်ဆန် #တိုက်ပွဲသတင်း #စစ်ကောင်စီ #SSCH #ရှမ်းမြောက်